Friday, June 29, 2012

Firefox မှ bookmarks တွေပျောက်သွားလည်းပြန်ရနိုင်အောင်


ကျွန်တော်တို့ Firefox ကိုအသုံးပြုသူတိုင်း မိမိတို့စိတ်ကြိုက် Website ကိုအလွယ်တကူ ရှာဖွေရလွယ်
အောင် Firefox မှာပါဝင်တဲ့ Bookmark လေးကိုသုံးပြီး အလွယ်တကူ မှတ်သားတက်ကြတာ ကိုတွေ့
ရပါတယ်..အဲ့ဒီမှာ Firefox မှာပါဝင်တဲ့ Bookmark လေးဟာကျွန်တော်တို့ Windows အသစ်တင်ရင်ပဲ
ဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် Firefox  ကိုအသစ်ပြန်တင်တဲ့ အခါမှာပဲဖြစ်ဖြစ် မိမိတို့အချိန်ပေး ပီး
စိတ်ကြိုက် မှတ်သားထားတဲ့ Bookmark ထဲကလင့်တွေဟာလဲ အလွယ်တကူ ပျောက်ဆုံးသွားမှာ
ဖြစ်ပါတယ်..အဲ့ဒီလိုမဖြစ်ရအောင် Bookmark လေးကိုဘယ်လို Export လုပ်ရပါတယ်ကျွန်တော် တဆင့်ချင်းပြောပြသွားပါ့မယ် ပုံနဲ့တော့မထည့်တော့ပါဘူး.ဒီတိုင်းလုပ်လို့လည်းလွယ်ကူတာကြောင့်ပါ.

ပထမဆုံး Firefox မှ bookmarks menu မှ show all bookmarks ဆိုတာကိုရွေးလိုက်ပါ.ပြီးရင်ပေါ်လာတဲ့ box မှာ import and backup ရဲ့အောက်မှာ export html ဆိုတာကိုရွေးပြီး ကိုယ်သိမ်းချင်တဲ့နေရာမှာ save ထားလိုက်ပါ.အဲဒါဆိုရင် bookmarks တွေပျောက်သွားရင်ပြန်ထည့်လို့ရပါပြီ. 

ပြန်ထည့်ရမယ့်နည်းကတော့ ခုနက export  ရဲ့အပေါ်မှာ import html ဆိုတာကိုလည်းတွေ့မိကြမယ်ထင်ပါတယ်.ပြန်ထည့်ဖို့အတွက်ကတော့ အဲဒါကိုရွေးပြီး ပေါ်လာတဲ့ box မှာ html နဲ့ရွေးပြီး ရှေ့ဆက်သွားလိုက်ပါ.ပြီးရင် ခုနက ကျွန်တော်တို့ save ထားတဲ့ဖိုင်လေးကို ပြန်ထည့်ပေးလိုက်ရင် ရပါပြီ.အရင်ဆုံးတော့မှတ်ထားပြီးသိမ်းထားသင့်တာပေါ့နော်. အားလုံးအဆင်ပြေကြပါစေ.


No comments:

Post a Comment