မာယာလှလှ
ခေတ်သစ်ဆိုတဲ့လောကကြီးမှာ
အချစ်စစ်ဆိုတဲ့ဘ၀ကြီးဟာ
တကယ်မရှိတော့ပါလား.................
မာယာတွေသုံး မုသားစကားလုံးတွေနဲ့
အလင်္ကာလှလှ ကဗျာတသသနဲ့
ရူးသွပ်နေကြသူတွေထဲမှာ ငါလည်းပါလေရဲ့
ငါဟာလည်းသူနဲ့
သူဟာလည်းငါနဲ့
နှစ်ယောက်တည်းကမ္ဘာမှာ
ဘာကိုမှမကြောက် ဘယ်ကိုရောက်ရောက်
ဆက်လျှောက်ကြမယ်ဆိုပဲ
ဒီလိုမာယာအပြုံး မုသားစကားလုံးတွေကြားမှာ
နောက်ဆုံးအရူံးကြီးရူံးရမှာပဲ
မင်းငါ့ကိုရီနေမှာပဲ
No comments:
Post a Comment