Wednesday, January 25, 2012

အဖေ

ငယ်စဉ်အခါက.............

နွေနေပူရင် ရေအေးချိုးဖို့
ချွေးနဲ့ရင်းပြီး ရေတွင်းတူးပေးခဲ့တဲ့ အဖေ

မိုးရွာရင် မိုးမစိုဖို့
ထီးနဲ့ပြေးကြို အချစ်ပိုတဲ့ အဖေ

ဆောင်းမှာချမ်းရင် ရေနွေးချိုးဖို့
ပင်ပင်ပန်းပန်း ရေနေလှန်းပေးတဲ့ အဖေ

 သားသမီးဘ၀လှဖို့
ချွေးတွေကိုရင်း လည်ကိုစင်းဖို့
ဝန်မလေးတဲ့ အဖေ

ကျွန်တော်အရွယ်ရောက်ရင်.............

နွေနေပူမှာရေအေးချိုးဖို့
ချွေးနဲ့ရင်းပြီး ရေတွင်းတူးပေးချင်တယ် အဖေ

မိုးရွာရင်ထီးနဲ့ပြေးကြို 
မိုးမစိုအောင် ထမ်းဆောင်ချင်တယ်အဖေ

ဆောင်းမှာချမ်းရင် ရေနွေးချိုးဖို့
မပင်မပန်း ရေကိုနေလှမ်းပေးချင်တယ် အဖေ.......

No comments:

Post a Comment