Thursday, January 26, 2012

စိတ်ထဲမှာတွေး  စာရွက်မှာချရေးထားသည့်
ကဗျာပါးပါး စာသားများသည်
ကဗျာသက်သက် စာသက်သက်မဟုတ်
ရင်ခွင်ထက်က စိမ့်ဆင်း ယိုကျ ရင်နှင့်အမျှခံစားရသည့်
ကဗျာပါးပါး စာသားများဖြစ်သည်
ထို ထို ထို ကဗျာပါးပါး စာသားများသည် ချစ်သောသူ့အတွက်
ပူလောင်ပြင်းပြ နွေကာလတွင်
အေးမြအရိပ် ကြည်နူးစိတ်တို့ ပေးနိုင်ပါစေ…..
မိုးထစ်ချုန်းချ မိုးကာလတွင်
မိုးစက်မစို ထီးတချောင်းလို မိုးပေးနိုင်ပါစေ….
နှင်းမိုးတွေကျ ဆောင်းကာလတွင်
နွေးထွေးမှုပေး အနွေးထည်လေးဖြစ်ပါစေ…..

No comments:

Post a Comment